ရှမ်းရွာသစ်မြို့တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းရွာသစ်   ဒီဇင်ဘာ  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ Onlineမှ တစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းရွာသစ်မြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဒေါ်သီရိစန္ဒာက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံအကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက် သော သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show)ဆွေးနွေးပွဲ၌ ဆွေးနွေးဆောင်ရွက်သည့် အကြောင်းအရာများအား Online မှတစ်ဆင့် တင်ဆက်မှုများကို ရှမ်းရွာသစ် မြို့ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Shanywarthit Page တို့တွင် ထုတ်လွှင့်ဖော်ပြပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)