နန်းယွန်း ဖေဖေါ်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အကြို ပြိုင်ပွဲများကိုဖေဖေါ်ဝါရီလ (၆) ရက်နေ့ ယနေ့နံနက် ၁၀ နာရီအချိန်ကစတင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက ကျောင်းသား/သူများအား ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများနှင့် ဖေဖေါ်ဝါရီ (၁၂) ရက်နေ့ ကျရောက်မည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းပြေားကြားပြီး ပြိုင်ပွဲများကို မူလတန်းအဆင့် G-5 ကျောင်းသား/ သူများ (၁၄) ဦးတို့အားအင်္ဂလိပ်စွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကိုလည်းကောင်း၊ G-4 တန်းအဆင့် ကျောင်းသား/ ကျောင်းသူများကို ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုလည်းကောင်း ယှဉ်ပြိုင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုတို့ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲပြုလုပ်ရာတွင် ရုံးရှေ့ကွင်းပြင်၌ နံရံကပ်စာစောင်များပြသခြင်း၊ ရုံးတွင်းစာကြည့်များလှုပ်ရှားမှု ဓါတ်ပုံများပြသခြင်းနှင့် မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်ရှိကျောင်းသား/ သူများ၊ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ စိတ်ဝင်တစားကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စံပယ်ဦးနှင့် ရုံးဝန်ထမ်းများ၊ အခြေခံပညာမူလတန်းကျောင်းဆရာ ဦးမောင်ညွန့်နှင့် ဆရာမများက အမှတ်ပေးဒိုင်ဆောင်ရွက်ကာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စံပယ်ဦးနှင့် ဝန်ထမ်းများက ဆုများးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဟန်ကမ်း (ပြန်/ဆက်)