ကျိုက်မရော ဒီဇင်ဘာ ၄
မော်လမြိုင်ခရိုင် ၊ကျိုက်မရောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် FAO အဖွဲ့တို့ ပူးပေါင်း ၍ ကျေးရွာတောင်သူလယ်သမားများအား ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်နှင့် အညီ စိုက်ပျိုး ရေး ကဏ္ဍအပေါ်အကျိုးသက်ရောက်မှုအားကြိုတင် ဆောင်ရွက်ရန် နှင့်ဖြေရှင်း ကုစားနည်းသင်တန်း ကိုယမန်နေ့နေ့လည်ကကဒါကျေးရွာအုပ်ချုပ်မှူး ရုံး၌ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ကျိုက်မရောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး FAO အဖွဲ့မှ ဦးအောင်ကိုဝင်း (Agricuture Specialist)ကZoomMetting ဖြင့် ပြောင်းလဲလာသောရာသီဥတု နှင့်အညီ စိုက်ပျိုးရေးဆိုင် ရာနည်းစနစ်ကောင်းများ၊ အာဟာရ ပြည့်စုံမျှတ ဘေးကင်းလုံခြုံသော အစားအသောက်များစားသုံးခြင်း ဖြင့်ရရှိနိုင် သော အကျိုး ကျေးဇူးများကို တောင်သူများ အားပြန်လည်မျှဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်တင့်မှ မြေ၊မျိုး၊ ပိုးမွှား အကြောင်းနှင့်စပါးသီးနှံ နှင့်ပတ်သက်သော စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းကောင်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းသို့ကဒါကျေးရွာမှသင်တန်းသား( ၂၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းသား များ က ကျေးရွာရှိ လယ်သမားများအား ထပ်ဆင့် ပြန်လည် မျှဝေပေးသွားမည် ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးလှတင်မောင်ထံမှ သိရ သည်။
ချို ချို ( ပြန် / ဆက်)