(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သာ ကေတမြို့နယ်၊ ၇/ အရှေ့ရပ်ကွက်၊ အလင်္ကာစာကြည့်တိုက် ဖွင့်လှစ်

ရန်ကုန် ဖေဖော်ဝါရီ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/ အရှေ့ရပ်ကွက်ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် အသစ်တည်ဆောက်ခဲ့သည့် အလင်္ကာစာကြည့်တိုက်ကို ယမန်နေ့နံနက် (၉) နာရီချိန်က ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်​၊ သာကေတမြို့နယ်စာကြည့်တိုက် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ သာကေတမြို့နယ် ၇/အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ထို့နောက် ၇/အ​​ရှေ့ရပ်ကွက်၊ အလင်္ကာစာကြည့်တိုက်တည်ဆောက်မှုအခြေအနေနှင့် စာအုပ်၊ စာစောင်များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုကြပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာအုပ်စာစောင်နှင့် ပရိဘောဂ၊ လှူဒါန်းခြင်း အစီအစဥ်အား ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီကလှူဒါန်းသည့် ငွေကျပ်သိန်း (၃၀) တန်ဖိုးရှိ စာအုပ်စာစောင်များနှင့် ပရိဘောဂများ အားရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လှူဒါန်းခဲ့ရာ ၇/အရှေ့ရပ်ကွက် အလင်္ကာစာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်အေးအေးမြင့်က လက်ခံရယူခဲ့ပြီး အလင်္ကာစာကြည့်တိုက်တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် သာကေတမြို့နယ် ပြည်သူများ ထည့်ဝင်ငွေကျပ်(၁၅၉)သိန်း အားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပေးအပ်လှူဒါန်းခဲ့ပြီး အလင်္ကာစာကြည့်တိုက်ဥက္ကဋ္ဌ ဦးမျိုးညွှန့်က လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ငွေကျပ်(၁၂)သိန်း တန်းဖိုးရှိစာအုပ်စာစောင်များအား လှူဒါန်းသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးညွှန့်ဝေက ဆက်လက်လှူဒါန်းပေးခဲ့ရာ အင်္လကာစာကြည့်တိုက် ဒုဥက္ကဋ္ဌ ဦးချစ်ငြိမ်းကျော်က လက်ခံရယူခဲ့သည်။ ထို့နောက် ၇/အ ရှေ့ရပ်ကွက်၊ အလင်္ကာစာကြည့်တိုက်ဆိုင်ရာ အချက်အလက်များအား၇/အ ရှေ့ရပ် ကွက်၊ အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေးက ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)