ပေါင်းတည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ထိုအသိပညာပေးရှင်းလင်းပွဲတွင် နတ်တလင်းခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြည်သူ့စစ်မှူထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဗဟိုက ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးပြန်တင်ပြလာမှုအပေါ်ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပြန်လည်​​ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား