ဒဂုံ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံရိပ်သာဈေးတွင် ပွင့်လင်းရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးအတွက် သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျောက်တံတားခရိုင်၊ မီးသတ်ဒုဦးစီးမှူး ဦးရန်မျိုးအောင် ဦးဆောင်သော တပ်ဖွဲ့၀င်များနှင့် ကျောက်တံတားခရိုင်၊ စည်ပင်သာယာဈေးများရုံးမှ တာ၀န်ခံဌာနစုမှူး ဒေါ်ကြည်ကြည်လွင်တို့ ဦးဆောင်၍ မီးသတ်ဆေးဗူး၊ အပေါ့စားမီးသတ်စက်တို့ဖြင့် မီးလောင်မှုဖြစ်ပွားလျှင် လက်တွေ့မီးငြိမ်းရေးကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထိုသရုပ်ပြဆောင်ရွက်ပွဲသို့ ဈေးတာ၀န်ခံနှင့် ၀န်ထမ်းများ၊ ဈေးသာယာရေး အဖွဲ့၀င်များ၊ ဈေးသူ၊ ဈေးသားများ ပါ၀င်ကြကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)