စစ်ကိုင်းမြို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၆

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ တောင်သူများအား ဖိတ်ခေါ်၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝမြေဆွေး၊ မြေဩဇာလက်တွေ့အသုံးပြုသုံးစွဲနည်း အခမ်းအနားကို ဖေဖော်ဝါရီလ (၆) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ နွေနှမ်းဘောင်ကြီး တင်စနစ်အသုံးပြုနိုင်ရေးအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်တို့က ဟောပြောဆွေးနွေးခဲ့ကြပြီး မြေဆီလွှာဓာတ်ခွဲကိရိ ယာများကိုင်တွယ်အသုံးပြုနည်း၊ ငါးအမိုင်နိုပြုလုပ်ခြင်း၊ ပဲမြစ်ဖုဇီဝမြေဩဇာပြုလုပ်ခြင်း၊ EM- Bokashi သဘာဝမြေဆွေးပုံ၊ ထရိုင်ဂိုဒါးမားမြေဆွေးပုံ ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများကစိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကာ မိမိတို့သိရှိလိုသည့်များကို မေးမြန်းခဲ့ကြသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များရရှိစေရေး၊ သွင်းအားစုများရရှိစေရေး၊ ရိတ်သိမ်းချိန်လွန် အလေ့အလွင့်မရှိစေရေးတို့ကို တောင်သူများအားဖတ်ခေါ်၍လည်းကောင်း၊ စိုက်ကွင်းများသို့ကွင်းဆင်း၍လည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ဆက်)