ဒဂုံ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ အိမ်တော်ရာဘုရား၀န်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ပြည်သူများကို COVID vaccine (p-fizer) ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါဆေထိုးပေးမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဗဟိုသားဖွားသင်တန်းကျောင်းမှ သင်တန်သူများ၊ မြို့နယ်ကြက်ခြေနီများ၊ အိမ်တော်ရာဘုရားဂေါပကအဖွဲ့၀င်များ ပူပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ ဦးတည်အုပ်စုများ၏ ကျား(၆၉)ဦး၊ မ(၆၃)ဦး စုစုပေါင်း (၁၃၂)ဦးကိုထိုးနှံပေးခဲ့ပြီး ဆက်လက်၍ ပြည်သူ(၅၂၈)ဦးကို ဆက်လက်၍ COVID vaccine (p-fizer) ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)