ပဲခူး ဒီဇင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အွန်းလိုင်း အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော် မတီဝင်များ၊ Humanity and Inclusionအဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးမသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အွန်းလိုင်းအခမ်းအနားတွင် ရှေးဦးစွာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ပဲခူးတိုင်း ဒေသကြီးကော်မတီ ဒု-ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဌ နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး မသန်စွမ်းသူ များ၏အခွင့်အရေးများဆိုင်ရာ ပဲခူးတိုင်းဒေသကြီးကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး တိုင်းဦးစီးမှူး၊ ဒေါ်ယဉ်ယဉ်ပြုံးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၀ ပြည်နှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် နိုင်ငံတော်အစိုးရမှ ပံ့ပိုးဆောင်းရွက်ခဲ့မှုများနှင့် ပတ်သက်၍ မှတ်တမ်းဗီဒီယို ပြသခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)