မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများ အား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်

မုဒုံ  ဒီဇင်ဘာ    ၄

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက်စိန်ချယ်လမ်းသွယ်၌ဒီဇင်ဘာလ (၃)ရက်နေ့နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာမီးဘေးသင့်အိမ်ထောင်စုအားထောက်ပံ့ငွေများနှင့် ပစ္စည်းများကိုယမန်နေ့ညနေ၅နာရီခန့်ကသွားရောက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနဦးစီအရာရှိဒေါ်သိမ့်သိမ့်အောင်နှင့်ဝန်ထမ်းများက ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း အသုံးအဆောင်(၁၆)မျိုးကိုလည်ကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်နှင့် တပ်ဖွဲ့ ဝင်များကမိသားစုသုံးပစ္စည်း၊အိမ်ဆောက်ပစ္စည်း(၁)စုံ၊တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)လစာတစ်စုံ၊အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းတစ်လစာ(၁)စုံအိမ်ထောင်စု(၃)စုအတွက် စုစုပေါင်း တန်ဖိုးငွေကျပ်(၆)သိန်းကျပ်ကိုလည်ကောင်း သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)