ကော့ကရိတ် ဖေဖော်ဝါရီ ၇
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ်(၆) အခြေခံပညာမူလွန်ကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)ရေးသား သည့် ပြည်ထောင်စုကို ကာကွယ်စို့ကဗျာ၊ ဆောင်ပုဒ်နှင့်ကာတွန်း စသည့်အချက်များပါဝင်ပြီး မမေ့အပ်သည့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့ကို အစဉ်အမြဲအမှတ်တရရှိနိုင်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် အဆိုပါလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)