ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ပိုင်ကျုံ  ဖေဖော်ဝါရီ    

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက ပိုင်ကျုံမြို့နယ်အတွင်းရှိ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင် အသားဝါဘီ၊   ဦးနှောက်အ‌မြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊  ဝက်သက်၊  ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်‌ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင် မိခင်များတို့၏ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောင့်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို လစဉ် ၆ ရက်နှင့် ၇ ရက်နေ့တွင် ပုံမှန်ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

နော်ခူး(ပြန်/ဆက်)