အရာတော် ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးနှင့်သီးနှံစိုက်ခင်းများ မိုးလို မိုးခေါင်မှုကြောင့် ထိခိုက်ဧကများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက အရာတော်မြို့နယ် မင်းရွာအုပ်စုနှင့်သခွပ်ပယ်လယ်ကျေး ရွာ၊ကွင်းအမှတ် (၆၀၈/၆၀၁/၆၀၂)ကွင်းများတွင် မိုးလို မိုးခေါင်မှုကြောင့် မိုးစပါးထိခိုက်ဧကများအား စာရင်းကောက်ယူခြင်းနှင့်အရာတော်မြို့နယ် အုပ်ရှင်းကြီး နည်းပညာပြန့်ပွားရေးစင်တာမှ စိုက်ပညာရှင် ဝန်ထမ်းများက ကျေးရွာ လယ်/စီ အဖွဲ့ဝင်များနှင့်ပူးပေါင်းကာ နေရာခင်း၊ကိုင်း၊ရှားကုန်း၊ကျွန်းတော ကျေးရွာ အုပ်စု များတွင် မိုးလို မိုးခေါင်မှုကြောင့် သီးနှံ ထိခိုက်ဧကများကို ကွင်းဆင်းစစ်ဆေးကာ စာရင်းကောက်ယူခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွယ်နီမြင့်