ဘားအံတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော် ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၇

ဘားအံတက္ကသိုလ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာ ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါနယ်မြေ၊ ပင်မဆောင်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာအစား အစာဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့် စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ အထိက၊ ဌာနမှူးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများက ဘားအံတက္ကသိုလ်ဌာန (၁၅)ခုနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ တိုင်းရင်းသားအစားအစာဈေးဆိုင်ခန်း (၁၆)ခန်းဖြင့် ရိုးရာအစားအစာများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဘားအံ တက္ကသိုလ်အနုပညာအသင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသားအကများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ  ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)