ခါမ်းပါတ် ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ ကမ္မကြီး ကျေးရွာမှ ပေါင်းတင်းဝါး ခုတ်ယူရောင်းချသူများ အနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေကြကြောင်းသိရသည်။
"အေနေတော် တင်းဝါးအဆစ်ငါးဆယ်ကို၂၀၀၀ ရတယ်၊ အလုံးကြီးတာတွေကျတော့ သုံးဆစ်ကို ၅၀၀ နဲ့ ရောင်းရပါတယ်၊သူတို့ပေါင်းတင်းဖုတ် ရောင်းတဲ့သူတွေ ရောင်း ကောင်းရင် ကောင်းသလို တစ်ရက်ကို ငွေကျပ်၁၅၀၀၀ က နေ၂၀၀၀၀ ထိရပါတယ်"ဟု တင်းဝါး ခုတ်ယူရောင်းချနေသူတစ်ဦးထံမှ သိရသည်။
အများအားဖြင့်မူပေါင်းတင်းဖုတ်၍ရောင်းချသူများအနေဖြင့်အနေတော်တင်းဝါးများကို သာပိုမို ဝယ်ယူကြ ကြောင်းလည်းသိရသည်။
သားငယ်(ပြန်/ဆက်)