ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီလ(၅)ရက်နေ့ ဆိပ်ကြီးကျေးရွာ၊ (အ-မ-က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင်  ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာသူ/ရွာသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံနရံကပ်စာစောင်များ၊ လျှပ်စစ်အန္တရာယ် အသိပညာ‌‌ပေး နံရံကပ်စာစောင်၊ မြိုနယ်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား  ကျောင်းသား/သူ  (၁ဝ၀)ဦးက  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။                

ဆွေနွယ်(ပြန်/ဆက်)