ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၇
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က အောင်ဆန်းသူရိယလှသောင်းအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများက သစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုပြီး အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကာ ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)