ပိုင်ကျုံမြို့အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်း ချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပိုင်ကျုံ  နိုဝင်ဘာ  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ် - ၁၉ ရောဂါမှ ကင်းဝေးစေရန် ရည်ရွယ်ပြီး မြို့ပေါ် (၅)ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင်  ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံစစ် ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ပိုင်ကျုံမြို့၊  မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ကျန်းမာရေး ဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများတို့က မြို့‌ပေါ်(၅)ရပ်ကွက် အတွင်းရှိ ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များရှိ ဆိုင်ရှင်များအနေဖြင့် ဆိုင်အ၀င်၀တွင် လက်ဆေးရန်နေရာများ ဆောင်ရွက်ထားရန်၊ ဆိုင်ထိုင်စားသုံးမည့် နေရာများသည် လေဝင်လေထွက် ကောင်းရန်အတွက်ပြတင်းပေါက် များ ဖွင့်ထားရန်၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သောအသိပညာပေး ပိုစတာများ၊ ဗီနိုင်းများကို လူအများ မြင်သာသည့်နေရာတွင် ကပ်ထားပေးရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားရန် စသည်ဖြင့် ကိုဗစ် - ၁၉ ရောဂါမှ ကြိုတင် ကာကွယ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)