ပေါက်ခေါင်း ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတို့၏ဦးဆောင်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာအုပ်စုများတွင် ဆောင်းသီးနှံ မတ်ပဲကို ၁၂၈၄၁ ဧကထိ စိုက်ပျိုးပြီးစီးခဲ့ပြီး အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိမိတို့၏လယ်ယာမြေအသီးသီးတွင် ဆောင်းသီးနှံမတ်ပဲကို နှစ်စဉ်နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဒေသနှင့်ကိုက်ညီသည့် အထွက်တိုး မတ်ပဲမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး တစ်ဧကလျှင်တင်း ၂၀ ကျော်ထွက်ရှိကြောင်းနှင့် မကြာမီမတ်ပဲစိုက်ခင်းများ နှုတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။
တောင်သူများစိုက်ပျိုးထားရှိသော ဆောင်းသီးနှံမတ်ပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနိုင်ရေးနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စနစ်တကျကိုင်တွယ်အသုံးပြုနိုင်ရေး နည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ကွင်းဝန်ထမ်းများက ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)