မြဝတီမြို့၌  KG တန်း ကလေးငယ်များအား  တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး

မြဝတီ ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး  ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို  ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအာဟာရ  ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမျိုးသန့်ဇင်နှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့ ဦးဆောင်၍ ကျောင်းအုပ်ကြီးများ၊  ကျန်းမာရေး ဝန်ထမ်းများက KG  တန်း ကလေးငယ်များဖြစ်သည့် အ.ထ.က(၁)မှ ၁၇၃ ဦး၊ အ.ထ.က(၂)မှ ၈၄ ဦး၊ အ.ထ.က(၃)မှ  ၁၈၇ ဦး၊ အ.ထ.ကခွဲ (မေတ္တာလင်းမြိုင်)မှ ၈၅ ဦး၊ အ.လ.က(၁)မှ ၁၃၁ဦးနှင့် အ.လ.က(၂) ၆၅ ဦးတို့၏ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော နေ့လယ်စာ စားသုံးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)