ချောင်းဆုံ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်တွင် ကောက်ယူပြီးစီးခဲပြီး မြေပြင်ကွင်းဆင်း၍ ပြန်လည်အတည်ပြုစစ်ဆေးခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကျေးရွာ (၃) ရွာရှိ စုရပ်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ အဖွဲ့ (၁၅) ဖွဲ့ခွဲ၍ ကျေးရွာများရှိ စုရပ်များတွင် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ ပြန်လည်အတည်ပြု စစ်ဆေးခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၁၅) ခုတွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ယနေ့တွင် ချောင်းဆုံအနောက်ရပ်ကွက်၊ ကမာမိုကျေးရွာနှင့် မုရစ်ကလေးကျေးရွာတို့တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ရပ်မိရပ်ဖများ၊ဒေသခံများနှင့် ပူးပေါင်းကာ မြေပြင်ကွင်းဆင်းအတည်ပြုခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)