ကဝ ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ(၂)နာရီက အ.ထ.က(ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကောင်းထက်လင်းက ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများဆက်လက်ကျင်းပရာ တစ်ယောက်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၀)ဦး၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)