ထီးလင်း ဒီဇင်ဘာ ၄
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသ ရေ, ရရှိရေး လုပ်ငန်းများကို မြို့နယ် အတွင်းရှိ ကျေးရွာ(၇)ရွာတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ရေ, ရရှိရေး လုပ်ငန်းများကို ထီးလင်းမြို့နယ် ဆေးမင်းတောကျေးရွာ နှင့် တောမကျေးရွာ တို့တွင် လက်တူးတွင်း၊ အုတ်ရေကန်၊ ရေစက်ရုံနှင့်ရေပိုက်လိုင်း သွယ်တန်းခြင်းတို့ကို လည်းကောင်း၊ မြောင်းကြီးကျေးရွာတွင် မြေသားရေကန် တူးဖော်ခြင်းကို လည်းကောင်း၊ ငှက်ပျင်းကျေးရွာတွင် မြေသားရေကန် တိုးချဲ့တည်ဆောက်ခြင်းကို လည်းကောင်း၊ မြစ်ကိုင်းကျေးရွာတွင် မြေသားရေကန် တူးဖော်ခြင်းကို လည်းကောင်း၊ လောင်းဘိုကြီးကျေးရွာတွင် မြေသားရေကန် တိုးချဲ့ တည်ဆောက်ခြင်းကိုလည်းကောင်း၊ စို့ပြား ကျေးရွာတွင် မြေသားရေကန် တူးဖော်ခြင်းကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ငွေကျပ်( ၇၇ ဒဿမ ၆၂၀ )သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးလက်ဒေသ ရေ, ရရှိရေးလုပ်ငန်းများ ပြီးစီးပါက ဆေးမင်းတော၊ တောမ၊ မြောင်းကြီး၊ ငှက်ပျင်း၊ မြစ်ကိုင်း၊ လောင်းဘိုကြီးနှင့်စို့ပြားကျေးရွာများရှိ အိမ်ခြေ(၈၈၃)အိမ်၊ လူဦးရေ(၄၅၆၂)ဦး နှင့် ကျွဲ/နွား တိရစ္ဆာန်များ အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိမည်ဖြစ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝန်ထမ်းများက မြေပြင်ကွင်းဆင်း တိုင်းတာမှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)