ပိုင်ကျုံမြို့ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် Mask Campaign ဆောင်ရွက်

ပိုင်ကျုံ   ဒီဇင်ဘာ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု  ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ပိုင်ကျုံမြို့အ၀င်လမ်းခွနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို    ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်၊ ပိုင်ကျုံနယ်မြေရဲစခန်းရဲအုပ် အောင်သူထက်၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများအဖွဲ့တို့က ပိုင်ကျုံမြို့အ၀င်လမ်းခွနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ အပြင်သွားရာ နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိသူများအား MASK အခမဲ့ဖြန့်ဝေခြင်း၊  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)