ပခုက္ကူ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာတွင် နွေရာသီကာရေရှားမှု မဖြစ်ပေါ်စေရေးနှင့် ကျေးလက် နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးတို့အတွက် စက်ရေတွင်းတူးဖော်ပေး လျက်ရှိ ကြောင်းသိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မူလခွင့်ပြုရန်ပုံငွေ ဖြင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြိုင်မြို့နယ်၊ ညောင်ရွာအုပ်စု၊ ညောင်ရွာကျေးရွာတွင် အချင်းလေးလက်မ၊ အနက်ပေ ၈၀၀ ရှိသည့် စက်ရေတွင်းတူးဖော်နေမှုအခြေအနေတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦ၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊မြိုင်မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းနှင့်ဝန်ထမ်းများက ဒီဇင်ဘာလ ၃ ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီစွာဆက်လက် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။
အဆိုစက်ရေတွင်းတူးဖော်မှုရာနှုန်းပြည့်ပြီးစီးပါက ယခင်ရရှိပြီးသည့် စက်ရေတွင်းတစ်တွင်းနှင့်အတူ ကျေးရွာရှိ အိမ်ခြေ (၅၇၃) အိမ်၊လူဦးရေ(၂၇၀၅)ဦးတို့အတွက် နွေရာသီကာလရေရှားမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ကြ တော့မည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)