ရွှေကျင်မြို့၌ စားသောက်ဆိုင်များ လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေး

ရွှေကျင် ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေးအတွက်  စံသတ်မှတ်ချက် နှင့်ကိုက်ညီသော      စားသောက်ဆိုင် /လက်ဖက်ရည်ဆိုင်များအား       ဆိုင်ထိုင်ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေး အတွက် ဒီဇင်ဘာ ရက်နေ့ နံနက် ၁၀နာရီခွဲက စတင်ပြီး မြို့ပေါ် ရပ်ကွက်များ အတွင်းရှိစားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအား    မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်     အရေးပေါ် တုန့်ပြန်ရေး   ကော်မတီအဖွဲ့ ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းစစ်ဆေးရာတွင်      မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ် မီးသတ် ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိ သူများကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏    လမ်းညွှန်ချက်နှင့်အညီ    ဆိုင်များခင်းကျင်းပြင် ဆင်ထားမှု များကို လိုက်လံစစ်ဆေးခဲ့ပြီး    မြို့နယ်အတွင်း စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များနှင့်     လမ်းဘေး စျေးဆိုင်များအား  စံသတ်မှတ်ချက်နှင့်ကိုက်ညီသော ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်အား ခွင့်ပြုသွားဖြစ်ကြောင်း     မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ ထံမှသိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)