ဖြူး ဒီဇင်ဘာလ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် ဖြူးမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ညနေ(၃)နာရီတွင် အထွေတွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးခန်းမ၌ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်းသိရပါ သည်။
ရှေးဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်နွယ်နီဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်၊ ကျေး လက် လမ်းဦးစီးမှူး ဒေါ်သူဇာထွန်းနှင့်မြပဲခူးကျေးရွာနေပြည်သူ(၂)ဦးတို့နှင့် ကျေးလက်လမ်း များ ကျောက်ရောမြေလမ်းခင်းပေးနိုင်ရေးအတွက် ငွေကျပ်သိန်း(၁၀၀)အတွင်း ကွင်းဆင်း တွက်ချက်တင်ပြနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဖြူးမြို့နယ်အတွင်း နတ်လောင်း-ကင်မွန်းချုံလမ်း၊ မြပဲခူး-အောက်ရွာလေး လမ်း၊ ဝဲဒေါင့်မြောက်-ရှမ်းဝတီးလမ်း၊ သပြေလဟာကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင်း လမ်း၊ သင်္ဘောမြှောင်ရွာတွင်းလမ်း၊ မြောင်းဝလေးကျေးရွာတွင်းလမ်း၊ လက်တက်ကြီး(က ရင်ရွာ) ကျေးရွာတွင်းလမ်း များကို ကျောက်ရောမြေ လမ်းခင်းနိုင်ရေးညှိနှိုးင်းဆောင်ရွက်ပေးခဲ့ကြောင်း ကျေးလက်လမ်းဦးစီးမှူး ဒေါ်သူဇာထွန်းထံမှသိရပါသည်။
မနွယ်(ဖြူး)