ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ စာရင်းပြုစုထားမှုအား ပြန်လည်စစ်ဆေးခြင်း ဆောင်ရွက်

ကြည့်မြင်တိုင် ဒီဇင်ဘာ ၄

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများစာရင်း ပြုစု‌နေမှုအား မြို့နယ်စိစစ်ရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတို့က စာရင်းများ ပိုမိုပြည့်စုံမှန်ကန်ရေး စိစစ်ခြင်းဆောင်ရွက်ခြင်းကို ရပ်ကွက်များအလိုက် အုပ်စုများခွဲ၍ စိစစ်​ဆောင်ရွက်ခဲ့​ကြောင်း သိရှိရပါသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေးများပေးရာတွင် အမှန်တကယ်ရသင့်ရထိုက်‌သော အိမ်ထောင်စုများ မကျန်ရှိစေရန် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပါဝင်သည့် ရပ်ကွက် စိစစ်‌ရေးအဖွဲ့ထံ လာရောက်လျှောက်ထားမှုအပေါ် ရပ်ကွက်မှ စိစစ်လက်ခံထားမှုကို ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်စိစစ်ရေးအဖွဲ့မှ ရပ်ကွက်အလိုက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိပါသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (၂၂) ရပ်ကွက်ရှိပြီး ဌာနဆိုင်ရာများ ပါဝင်​သော မြို့နယ်စိစစ်ရေးအဖွဲ့ (၄)ဖွဲ့ခွဲ၍ ရပ်ကွက်များအတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်း၊ စာရင်း ပိုမိုပြည့်စုံမှန်ကန်ရေးအတွက် ကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)