အုတ်တွင်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် အုတ်တွင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ညနေပိုင်း (၄:၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ လုပ်ငန်းညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းအေး၊ မြို့နယ်ဒုတိယရဲမှူးဇော်ဝမ်း၊ လမ်းဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ကျေးလက် ဦးစီးမှူး ဒေါ်စုနွယ်ဝင်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး ဒေါ်အေးအေးလွင်၊ ဘုရားနှစ်ဆူကျေးရွာ၊ လေးတူးပိုင်းတိမ်ညွှန့်(တိမ်မြုပ်) ရွာနေပြည်သူများနှင့် ကျေးလက်လမ်းများ၊ ကျေးရွာချင်းဆက် လမ်းများ၊ သောက်သုံးရေရရှိရေး လုပ်ငန်းများအတွက် ငွေကျပ်သိန်း(၁၀၀)အောက် လုပ်ငန်းများအား ကွင်းဆင်းတွက်ချက် တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် အုတ်တွင်းမြို့နယ်အတွင်း ဘုရားနှစ်ဆူကျေးရွာအုပ်စု၊ ပန်းအိုင်ကျေးရွာတွင်း လမ်း၊ ကြက်တက်ညောင်ပင်-သပြေကုန်း ကျေးရွာချင်းဆက်လမ်း၊ လေတူးပိုင်းတိမ်ညွှန့်(တိမ်မြုပ်) ကျေးရွာတွင် သောက်သုံးရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်မာ(ပြန်/ဆက်)