တောင်ဥက္ကလာပမြို့နယ် အ.မ.က(၉)ကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများ အား ပထမအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့ရာ Positive အဖြေ ထွက်သူများအား ရိုးမရိပ်သာသို့ပို့ဆောင်

တောင်ဥက္ကလာပ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်း ကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများအား ယမန်နေ့ နံနက်ပိုင်းက ပထမ အကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံ ဆရာ၊ ဆရာမများက အ.မ.က (၉) Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာ ကျား - ၂၂ ဦး၊ မ - ၃၁ ဦး၊ စုစုပေါင်း ၅၃ ဦးအား ပထမအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့ရာ ကျား - ၁ ဦး၊ မ - ၃ ဦး၊ စုစုပေါင်း ၄ ဦး၌ Positive အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Positive အဖြေထွက်ရှိခဲ့သော လူနာ ၄ ဦးအား ရိုးမရိပ်သာသို့ ပို့ဆောင်ခဲ့ပြီး အ.မ.က(၉) Quarantine Center ၌ Negative အဖြေထွက်ရှိသော ကျား - ၂၁ ဦး၊ မ - ၂၈ ဦး၊ စုစုပေါင်း ၄၉ ဦး ကျန်ရှိ ကြောင်း သိရသည်။

နေထက်အောင်