မင်းလှ ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်း(၂၂)ခုအား ကျေးရွာကော်မတီများထံ လွှဲပြောင်း ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်က ကျေးရွာကော်မတီဝင်များ အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာပြည်သူများ ရေရှည်အသုံးပြုနိုင်ကြစေရန်နှင့် ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှခေးက ကျေးရွာဖွံ့ဖြိုး ရေး စီမံကိန်းရည်ရွယ် ချက်များ၊ လုပ်ငန်းရေရှည်တည်တံ့စေရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများနှင့် လုပ်ငန်းလွှဲပြောင်းပေးအပ်ရခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် မင်းလှမြို့နယ်အတွင်း ကျေးရွာ(၂၁)ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်း(၂၂)ခုအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများထံ လွှဲပြောင်းပေး အပ်ခဲ့ကြသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်း(VDP) လုပ်ငန်း(၂၂)ခုတွင် စီမံကိန်းတစ်ခုလျှင်နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)စီဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ