ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး ရေတာရှည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်

ရေတာရှည် ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည်​ရေတာရှည်မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းဆွေးနွေး ဆောင်ရွက် ခဲ့သည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ကျော်​ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်​အောင်၊ ကျေးလက်လမ်းဖွံ့ဖြိုး​ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်တို့နှင့်  မိုးတွင်းကာလ၌ သွားလာ​ရေး အဆင်မ​ပြေသဖြင့် လူမှု​ရေး၊ ကျန်းမာရေး၊ ပညာ​ရေး အခက်အခဲဖြစ်​ပေါ်လျက်ရှိသည့် ကျေးရွာများတွင် ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ ရရှိ​ရေးအတွက် ငွေကျပ်သိန်း(၁၀၀)အောက် လုပ်ငန်းများအား ဆောင်ရွက်ရန် ကွင်းဆင်း တွက်ချက် တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆု (ပြန်/ဆက်)