ဒဂုံ​မြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်အသုံးပြုရေး အသိပညာပေး ဆက်လက်ဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အတွင်း ယမန်နေ့ နံနက်(၁၀) နာရီအချိန် မှ နေ့လယ် ၁၂ နာရီအချိန်ထိ အမှတ်(၉၁)ရပ်ကွက်ရှိ ပဲခူးမြစ်လမ်းမ​နှင့် ယုဇနမုခ်ဦးထောင့်၌ stay at home ကာလ အကြောင်းမဲ့ပြင်ပသို့ ထွက်ရှိမှု မရှိစေရေး မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်း(၃)ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်း(၃)ဦး၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးပါ ဝန်ထမ်း(၁)ဦး၊ စည်ပင်​ကော်မတီဝင်များ စုစုပေါင်း အင်အား(၁ဝ)ဦးဖြင့် နှာခေါင်းစည်း (mask) မတပ်ဆင်ဘဲ အပြင်ထွက်လာသူများ စုစုပေါင်း (၄၇)ဦးအား (၂၀၀)ကျပ်စီ ဒဏ်ရိုက်ခဲ့ပြီး Mask (၁)ခုစီပေးကာ ချက်ချင်းတပ်ဆင်စေကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေပြီဖြစ်၍ ပြည်သူများအနေဖြင့် မပေါ့ဆကြရန်၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက် သဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင် အသုံးပြုဖို့ လိုအပ်ကြောင်း Mask တပ်ဆင်ရေး အသိ ပညာပေးလုပ်ငန်းကို နေ့စဉ်မပြတ် သတ်မှတ်နေရာတို့တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)