ကွမ်းခြံကုန်း ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာရေးအဖွဲ့၊ မြို့မဈေး ကော်မတီဝင်များ၊ ဈေးတာဝန်ခံရုံးမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း သွားရောက်စစ်ဆေး ဆောင်ရွက် ခဲ့သည်။
အဆိုပါ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက်၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးမြင့်ဦးတို့ ဦးဆောင်၍ မြို့မဈေးကြီးအတွင်း ရေငုတ်ပိုက်လိုင်းများ သွယ်တန်းထားရှိမှု နှင့် ဈေးအဝင်လမ်း၊ အထွက်လမ်းများ အား စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ထားရှိမှုနှင့် ဈေးဆိုင်ပိုင်ရှင် များအား လျှပ်စစ်မီးအသုံးပြုရာတွင် ပေါ့ဆစွာ အသုံးမပြုရန် ပညာပေးဆွေးနွေးခဲ့ပြီး လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ နှိုးဆော်အသိပေးခြင်း၊ ပညာပေးဆွေးနွေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစေရန် လေ့ကျင့် ပညာပေးခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)