ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာဆွေးနွေးဖလှယ်ပွဲကျင်းပ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၄

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ UNFAO တို့ ပူးပေါင်း  ဆောင်ရွက်သည့် ဒေသခံစိုက်ပျိုးရေး တောင်သူများနှင့်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နည်းပညာဆွေးနွေးဖလှယ်ခြင်းကို ယမန်နေ့ နံနက်၉နာရီခွဲအချိန် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်  ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါနည်းပညာဆွေးနွေးဖလှယ်ခြင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွှန့်က စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း နည်းပညာများဆွေးနွေးဖလှယ်ခြင်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ UNFAO မှ ကရင်ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးစပြည့်ဖြိုးအောင်က မိမိတို့အဖွဲ့အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းပြောကြားသည်။

ထို့နောက်စိုက်ပျိုးရေးတောင်သူများနှင့် နည်းပညာဆွေးနွေးဖလှယ်ခြင်းကိုဆက်လက်ပြုလုပ်ရာ စပါး(RS-CS)မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း၊မြေပဲ၊နှမ်း၊ပဲတီစိမ်းသီးနှံတို့ကို(Good Agriculture Practices- GAP)ဖြင့်စိုက်ပျိုးခြင်းနှင့် (Climate Smart Agriculture - CSA) ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းအပေါ် (Farmer to Farmer) စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာဆွေးနွေးဖလှယ်ခြင်း(Panel Discussion) များကို တာဝန်ရှိသူများနှင့်ကျေးရွာများမှ တက်ရောက်လာကြသည့် တောင်သူ(၁၅)ဦးတို့မှအလားတူနည်းပညာဆွေးနွေးဖလှယ်ခြင်းကို တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာတွင်လည်း စိုက်ပျိုးရေးတောင်သူ(၂၅)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး