သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်း ချခြင်းရှိ/မရှိစစ်ဆေး

သန်လျင် ဒီဇင်ဘာ ၄   

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဈေးကြီးအတွင်း လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများက သန်လျင်မြို့မဈေးကြီး အတွင်း သားငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချနေမှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော သတ်မှတ်ထားသည့် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ လှည့်လည်စစ်ဆေး ကြပြီး မြို့မဈေးကြီး အတွင်း သတ်မှတ်စည်းကမ်းများအတိုင်း ဈေးရောင်း ချမှုမရှိပါက စည်းကမ်းဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေးနှင့် ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ ပြည်သူများ စည်းကမ်းတကျ ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ ပြည်သူများအတွက် အခြေခံစားသောက် ကုန်ပစ္စည်းများနှင့် ဆေးဝါးအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိကြောင်းနှင့် ဈေးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သန်လျင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် စည်ပင်သာရေးအဖွဲ့၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက် အကူပြု ကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေ နီတပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ များနှင့် ဈေးတာဝန်ခံများ၊ ဈေးသူဈေးသားများက ဈေးများအတွင်း ဈေးရာင်းချသူများနှင့် ဈေးဝယ်သူများ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)