ထန်းတပင်မြို့နယ်သို့ ဒုတိယအကြိမ်မြောက် စျေးကားများဖြင့် အခြေခံစားသောက်ကုန်များအား လာရောက်ရောင်းချ

ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၄

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အခြေ ခံ စားသောက်ကုန်များကို အများပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် မြို့နယ်များ အတွင်းသို့ Mobile Market စျေးကားများဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်သို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးကားများဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံ ၍ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

စျေးကားအစီအစဉ်ဖြင့် လာရောက်ရောင်းချရာတွင်လည်း ဟင်းသီးဟင်းရွက်များ၊ သားငါး၊ ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားကုန် ခြောက်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး စျေးလာ ရောက်ဝယ်ယူသူများ အဆင်ပြေစေရေး အတွက် လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသန့်ဇော်ဝင်းနှင့် မြို့နယ်စည်ပင်ဝန်ထမ်းသာယာရေးအဖွဲ့ ဝန်ထမ်း များက စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

Mobile Market စျေးကားများဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ လှည့်လည် ရောင်းချပေးခြင်း အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် ညီနောင်အသင်းများမှ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လှည့်လည်ရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရပြီး မြို့နယ်တစ်မြို့နယ်လျှင် နှစ်ပတ်လျှင် တစ်ကြိမ်နှုန်း ဒေသတွင်း လိုအပ်သည့် အခြေခံစားသောက်ကုန်များကို လှည်လည်ရောင်းချပေးခြင်းဖြစ်ကြောင်းလည်း သိရ သည်။

ဇင်မင်းထိုက်(ပြန်/ဆက်)