အလုံ ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်လှကြူမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်အမှတ်ပေးစနစ်များအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ငါတို့ပြည်ထောင်စုကဗျာသံစဉ်ဖြင့် မောင်ကောင်းထက်မြတ်က ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြင်ပြောပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်လှကြူမာနှင့် ကျောင်းအုပ်ဆရာမများ၊ Book Club အဖွဲ့၀င်များ၊ အမျိုးသမီးရေားရာအဖွဲ့၀င်များ၊ အလုံမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှပါ၀င်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များကို ကျောင်းသား ၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)