ဇီးကုန်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မေွးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြောင်းလဲလာ သည့် တိရစ္ဆာန်ကောင်ရေ တိုးပွား/လျော့နည်းမှု ဆိုင်ရာ တွက်ချက်မှုစံနှုန်းများ ပြင်ဆင်နိုင်ရေးအတွက် ကြားဖြတ်တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းကို ယမန်နေ့က စတင်၍ ဇီးကုန်းမြို့နယ်အတွင်း ကွင်းဆင်း ကောက်ယူခဲ့ကြသည်။
အဆိုပါလုပ်ငန်းအား မြို့နယ်မေွးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦး ခေါင်းဆောင်သော ဝန်ထမ်းများ(၅)ဦးနှင့် အခြေခံတိရစ္ဆာန်ကျန်းမာရေး လုပ်သားများမှ ကျေးရွာပေါင်း (၂၇)ရွာရှိ အိမ်ထောင်စုပေါင်း(၃၃၈၃)သို့ တစ်အိမ်ချင်းစီ လိုက်လံစာရင်းကောက်ယူလျှက်ရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွား/လေျာ့နည်းမှုဆိုင်ရာ ကွာဟချက်များအား ခန့်မှန်းတွက်ချက် နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအား ၂၀၁၈ ခုနှစ်မှစတင်၍ မြို့နယ် (၂၈၉)မြို့နယ်တွင် စာရင်းကောက်ယူခဲ့ပြီး အချိန်ကာလ ကွာခြားချက်အရ ပြောင်းလဲလာသည့် တိရစ္ဆာန် ကောင်ရေ တိုးပွား/လျော့နည်းမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ ပြင်ဆင်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်တွင် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်လည်း ကောက်ယူအတည်ပြုခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကြက်၊ ဝက်၊ ဘဲ၊ နွား၊ ဆိတ် အစရှိသည့် တိရစ္ဆာန်ကောင်ရေစာရင်းကို ဒီဇင်ဘာလအတွင်း အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းဦးက ပြောကြားခဲ့သည်။
တင့်ဆွေ(ပြန်/ဆက်)