ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းဆောင်ရွက်

တွံတေး ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ရွေးချယ်ခြင်းကို ယမန်နေ့ နေလယ်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာ ရွေးချယ်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာ ကျော်ဇင်ဦး၊ ဦးနေနိုင်ဦး တို့က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူနှင့် စီမံကိန်း တာဝန်ခံ ဦးပြည့်စုံမောင်မောင်တို့က စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေး၊ အစီအစဉ်ကို အထောက်အကူပြုနိုင်စေ ရေး၊ ရရှိသောငွေကြေးဖြင့် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှပ်နှံနိုင်သဖြင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် တွံတေးမြို့နယ်အတွင်း(VRFP) စီမံကိန်းဆောင်ရွက်မည့် ငွေကျပ်သိန်း(၃၀၀)၊ Type(1)(၃)ရွာ၊ ငွေကျပ်သိန်း(၂၀၀) Type(2)(၂)ရွာ၊ ငွေကျပ်သိန်း(၁၀၀) Type(3) (၂)ရွာ စုစုပေါင်း ကျေးရွာ(၇)ရွာကို ရွေးချယ်လျာထား သတ်မှတ်ခဲ့ကြကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)