မြောက်ဥက္ကလာပ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ရှိသူများနှင့် ဆက်စပ်သူများ၊ အနံ့မရရှိသူများ သီးသန့်ထားရှိသည့် Quarantine Centre များသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု
("ကလေးငယ်များ ရင်ခွင်မမဲ့ဖို့ အကြမ်းဖက်မှု တိုက်ဖျက်စို့'') အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် Mask၊ Hand Gel ၊ face shield များကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုးနှင့် မြောက်ဥက္ကလာပမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ပပမောင်တို့က (ဃ)ရပ်ကွက်၊ (င)ရပ်ကွက်၊ ဝေဘာဂီရပ်ကွက်နှင့် (က)ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော Quarantine Centre များသို့ ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သည့် Mask၊ Hand Gel ၊ face shield များကို သွားရောက်လှူဒါန်းရာ Quarantine Centre များမှ တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)