လမိုင်း ဒီဇင်ဘာ ၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့အတွင်းရှိ ဓာတ်ဆီဆိုင်နှင့် ဂတ်(စ်)မီးဖို အရောင်း ဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဒီဇင်ဘာ လ(၄)ရက်နေ့ နေ့လည်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးမှုပြုလုပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်း၊လမိုင်းမြို့ နယ်ရဲစခန်းမှ ဒုရဲအုပ်မျိုး၀င်း၊ မြို့မီးသတ်တာ၀န်ခံဦးပြည့်ဖြိုးအောင်နှင့် ဌာနဆိုင်ရာများမှ လမိုင်းမြို့တွင် ပွင့်လင်း ရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ် တားဆီးရေးကို ဆိုင်ရှင်များအား ဂတ်(စ်)အိုးများ စနစ်တကျ ထားရှိစေရေး၊ မီးသတ်ဆေးဗူးများ၊ သဲပုံး၊ရေပုံး၊ မီးချိတ်၊မီးကပ်များအသင့်ဆောင်ရွက်ထားရှိရေးစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
လမိုင်း(ပြန်/ဆက်)