We Love Yangon(Thingangyun)သို့ အလှူငွေများလှူဒါန်း

သင်္ဃန်းကျွန်း ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူမှုရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် We Love Yangon(Thingangyun) ပရဟိတ အဖွဲ့သို့ သင်္ဃန်းကျွန်းမြို့နယ် ဂရပ်ကွက်၊ဗိုလ်တေဇ၃လမ်းနေ ဦးဘိုကောင်း+ဒေါ်ခင်ရီမိသားစုမှ ၅သောင်းကျပ်နှင့် ဒေါ်မြသိန်း မိသားစုမှ အလှူငွေ ၁သောင်းကျပ်စုစုပေါင်းခြောက်သောင်းကျပ်(၆၀၀၀၀)ကျပ်တိတိကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

We Love Yangon (Thingangyun) ပရဟိတအဖွဲ့သည် မြို့နယ်အတွင်း အခြေခံအိမ်ထောင်စု များအားစားသောက်ကုန်ပစ္စည်းများနှင့်  ဆေးဝါးပစ္စည်းများလှူဒါန်းပေးခြင်း၊ လမ်းများနှင့် Lockdown ဧရိယာ များတွင်ပိုးသတ်ဆေးများဖြန်းခြင်း၊ မြို့နယ်အတွင်း Quarantine Centre များရှိ လိုအပ်သည့်နေရာများတွင်လည်း လှူဒါန်းမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အလှူရှင်များ လာရောက်လှူဒါန်းကြသည့် ငွေကြေးများနှင့် လှူဒါန်းပစ္စည်းများအား အခြေခံလူတန်းစားများထံ လက်ဝယ်အရောက်ပြန်လည်လှူဒါန်းပေးခြင်းနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် အသုံးပြုလျက် ရှိကြောင်းသိရသည်။

ကျော်တင့်ထွန်း(ပြန်/ဆက်)