ညောင်လေးပင် ဒီဇင်ဘာ ၄
ညောင်လေးပင်မြို့နယ်တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်အတွက် ဌာနဆိုင်ရာ များ၊ မီးသတ်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်အတည်ပြုလူနာများ တွေ့ရှိလာနေခြင်းကြောင့် ပြည်သူ လူထုတွေအနေနဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့နဲ့ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask နဲ့ မျက်နှာကာတို့ကို မဖြစ်မနေ တတ်ဆင်ကြဖို့၊ လက်ကိုစနစ်တကျ လက်ဆေးကြဖို့နဲ့ သတ်မှတ်စည်းကမ်း ချက်တွေကို လိုက်နာနိုင်စေဖို့အတွက် နေ့စဉ်နံနက် ၈ နာရီမှစ၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန် အဟုန်မြှင့် တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်