ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့်အသိပညာပေးခြင်းလုပ်ငန်းများကို အပတ်စဉ် တစ်ပတ်လျှင်(၂)ကြိမ် ဆောင်ရွက်

ဖာပွန် ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက်  Mask Campaign နှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်(၇) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ်(၂) ရပ်ကွက် မြို့မရွှေကျောင်းရှေ့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများကနေအိမ်ပြင်ပထွက်ခွာတိုင်း နာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Mask ကိုစနစ်တကျတပ်ဆင်ရေးအတွက် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်း (၅၀)စောင် ၊  Mask (၅၀၀) ခု တို့ကို ပေးဝေခဲ့ကြောင်းသိရှိရသည်။

ဖာပွန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုမှ ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ Mask Campaing  နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရှိရသည်။

ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက်  Mask Campaign နှင့် အသိပညာေပးခြင်းလုပ်ငန်းများဖြစ်သည့် Mask ကိုစနစ်တကျတပ်ဆင်ရေ အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်နည်းလမ်းများကို လှည့်လည်၍ အသိပေးပြောကြားခြင်းများကို နိုင်ဝင်ဘာလမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာအပတ်စဉ် တစ်ပတ် လျှင်(၂)ကြိမ် ဖြင့် ဒီဇင်ဘာလကုန်အထိ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုင်းကျော်ဝဏ္ဏ၊အောင်မျိုးလွင်(ပြန်/ဆက်)