မြောက်ဥက္ကလာပ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် အ.ထ.က(၁)ကျောင်း တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ Quarantine ဝင်ရောက်နေသူများနှင့် Volunteer များ အတွက် အလှူရှင်များမှ ကြက်ဥများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် သုနန္ဒာ(၇)လမ်းမိသားစုမှ ကြက်ဥ (၅၀၀)လုံး၊ အလှူငွေကျပ် (၂၁၃,၀၀၀)၊ သုနန္ဒာ (၁၁)လမ်း မြောက်ဘက် ခြမ်းမိသားစုမှ အလှူငွေကျပ် (၁)သိန်းကို လှူဒါန်းရာ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အ.ထ.က(၁) Quarantine Center တွင် ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူ(၂၀)ဦး၊ အနံ့မရရှိသူ(၃၈)ဦးကို သီခြားအဆောင်များ၌ ထားရှိထားပြီး Quarantine ဝင်ရောက်နေသူများနှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၉/၄၅၂၄၂၉၈၈၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)