လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမှ တရီဖိုးခွီး-စောဖိုးခီးကိုဆက်သွယ်ထားသော မြေသားလမ်းဖောက်လုပ်

ရှမ်းရွာသစ်    ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေကျပ် (၁၁၀.၂၈၀)သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမှ တရီဖိုးခွီး-စောဖိုးခီးသို့ ဆက်သွယ်ထားသော မြေသားလမ်း (၃)မိုင်ဖောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် မြေသားလမ်း သုံးမိုင်ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိ တရီဖိုးခွီးကျေးရွာ၊ ဝါးမီးကလားကျေးရွာ၊ ထီးဖိုးခီးကျေးရွာနှင့် စောဖိုးခီး ကျေးရွာရှိ ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ထို့ပြင် တောင်ယာစိုက်ပျိုးသည့် ပြည်သူများအနေဖြင့် မိမိတို့၏ ဒေသထွက်ကုန်များအား အချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်ခြင်းကြောင့် ဝင်ငွေမြင့်မားလာပြီး လူမှုစီးပွားများစွာ ယခင်ကထက်တိုးတက် လာမည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုသည် လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်းတိုးတက်ပြောင်းလဲလာမည် ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းရွာသစ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေ ကျပ်(၁၁၀.၂၈၀)  သန်းဖြင့် တရီဖိုးခွီး- ဝါးမီးကလား- ထီးဖိုးခီး- စောဖိုးခီး မြေသားလမ်း(၃)မိုင်ကို စိုးပါဝါနိုင်ကုမ္ပဏီ မှတာဝန်ယူ၍ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)