ဘောဂလိ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းသန့်ရှင်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ် ခင်းခြင်း လုပ်ငန်း များကို ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ရပ်ကွက်ရှိ ဖူးစံအေးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဖူးစံအေးလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းတွင် မြို့စည်ပင်သာယာရေး အဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ လမ်းအရှည်(၄၅၀)ပေ၊ အကျယ်(၃)ပေ၊ ထု(၄)လက်မရှိပြီး ခွင့်ပြုရန်ပုံငွေ (၃.၃၇၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)