ဘောဂလိမြို့ဖူးဘိုးခိုလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ဘောဂလိ   ဒီဇင်ဘာ    ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့  ၊ ဖူးဘိုးခိုလမ်း  ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း   (၁၀၀) ရာခိုင်နှုန်း   (ရာနှုန်းပြည့် ) ပြီးစီးပြီဖြစ်ကြောင်း  သိရှိရ သည်။    

ဖူးဘိုးခို လမ်းသည်   ယခင်က ရပ်ကွက်တွင်း  မြေသားလမ်းဖြစ်ပြီး  ယခုချိန်တွင်  ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ  ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း  ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။အဆိုပါလုပ်ငန်းတွင်  မြို့စည်ပင်သာယာရေး အဖွဲ့မှ  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မှီစေရေး  အနီးကပ်ကြီးကြပ်ဆောင်ရွက် လျှက်ရှိပြီး  အရှည် (၇၈၀)ပေ ၊ အကျယ်(၄)ပေ၊ ထု (၄လက်မ)ရှိ ခွင့်ပြုရန်ပုံငွေ (၇.၈)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)