သင်္ဃန်းကျွန်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရန် “လူငယ်စကားဝိုင်း” ကျင်းပ

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အထက်တန်းပြဆရာမ ဒေါ်‌ကျော့ကျော့ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်က လူငယ်စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်များဖက်စုံဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-10 မှ ကျောင်းသား မောင်ထက်မြတ်‌ကျော်မှ လူငယ်နှင့်စာပေ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်သူ‌ထူးမှ လူငယ်နှင့်စာရိတ္တ‌ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ကောင်းခန့်ထက်နိုင်မှ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဇင်ဇင်သန့်မှ လူငယ်နှင့်ယဥ်‌ကျေးမှုခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မသိမ့်သီရိမှ လူငယ်နှင့် မူးယစ်‌ဆေးဝါး‌ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများပါ သိလိုသည်များကို ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

သိန်းအောင်